1. Chemical ပါသော အလှကုန်များဖြင့် ထိတွေ့စေခြင်း - ရေမွှေး၊ Lotion၊ မိတ်ကပ်၊ Spray တို့လို Chemical ပါတဲ့ အလှကုန်တွေဟာ ရွှေဖြူလေးတွေရဲ့တောက်ပမှုကို မသိမသာနဲ့ တိုက်စားနေလေ့ရှိပြီး ကာလတစ်ခုအကြာမှာတော့ အရောင်ကျလာစေနိုင်ပါတယ်။
2. ရွှေဖြူများဝတ်၍ ရေကူးကန်၊ ပင်လယ်ကမ်းခြေများတွင် ရေကူးခြင်း - ရေကူးကန်မှာပါတဲ့ Chlorine နဲ့ ပင်လယ်ရေမှာပါတဲ့ Salt (Nacl) ဆားဓာတ်ကလည်း ရွှေဖြူလေးတွေကို အရောင်ကျလွယ်စေနိုင်သလို ရေဖိအားကြောင့်လည်း အလွယ်တကူပျောက်ရှတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
3. လက်ဝတ်ရတနာများအား အလွယ်တကူ ချွတ်ထားခြင်း
- ရွှေဖြူလေးတွေကို စနစ်တကျ သိမ်းဆည်းခြင်းမရှိဘဲ အင်္ကျီအိတ်ကပ်၊ စားပွဲများ၊ စင်များပေါ် တွင် ချွတ်ထားခြင်းက အလွယ်တကူ ပျောက်ရှတာ၊ အမှတ်မှားပြီး ရှာမတွေ့တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အခုကစပြီး ရွှေဖြူလေးတွေကို ဂရုတစိုက် ထိန်းသိမ်းပေးကြဖို့ မမေ့ကြပါနဲ့နော်။