ရွှေဖြူချစ်သူတိုင်း သတိမထားမိပဲ ဒါတွေလုပ်မိနေပြီလား❗️

Blog Image

1. Chemical ပါသော အလှကုန်များဖြင့် ထိတွေ့စေခြင်း - ရေမွှေး၊ Lotion၊ မိတ်ကပ်၊ Spray တို့လို Chemical ပါတဲ့ အလှကုန်တွေဟာ ရွှေဖြူလေးတွေရဲ့တောက်ပမှုကို မသိမသာနဲ့ တိုက်စားနေလေ့ရှိပြီး ကာလတစ်ခုအကြာမှာတော့ အရောင်ကျလာစေနိုင်ပါတယ်။

2. ရွှေဖြူများဝတ်၍ ရေကူးကန်၊ ပင်လယ်ကမ်းခြေများတွင် ရေကူးခြင်း - ရေကူးကန်မှာပါတဲ့ Chlorine နဲ့ ပင်လယ်ရေမှာပါတဲ့ Salt (Nacl) ဆားဓာတ်ကလည်း ရွှေဖြူလေးတွေကို အရောင်ကျလွယ်စေနိုင်သလို ရေဖိအားကြောင့်လည်း အလွယ်တကူပျောက်ရှတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

3. လက်ဝတ်ရတနာများအား အလွယ်တကူ ချွတ်ထားခြင်း - ရွှေဖြူလေးတွေကို စနစ်တကျ သိမ်းဆည်းခြင်းမရှိဘဲ အင်္ကျီအိတ်ကပ်၊ စားပွဲများ၊ စင်များပေါ် တွင် ချွတ်ထားခြင်းက အလွယ်တကူ ပျောက်ရှတာ၊ အမှတ်မှားပြီး ရှာမတွေ့တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုကစပြီး ရွှေဖြူလေးတွေကို ဂရုတစိုက် ထိန်းသိမ်းပေးကြဖို့ မမေ့ကြပါနဲ့နော်။

Recent Blogs

Blog Image
Dec 16th, 2025 ဒါကြောင့် ရွှေဖြူချစ်သူတွေအနေနဲ့ ရွှေဖြူလို့ပဲခေါ်ခေါ်၊ ပလက်တီနမ်လို့ပဲဆိုဆို အတူတူပဲဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်ရှင်။
Blog Image
Nov 29th, 2025 ရွှေဖြူချစ်သူတွေအနေနဲ့ 18k ရွှေဖြူလေးတွေဝတ်နေကြပေမယ့် များသောအားဖြင့်တော့ ရွှေဖြူလေးတွေအကြောင်း မသိကြတာများပါတယ်။