ရတနာချစ်သူတွေကြားထဲမှာ ရေပန်းစား လူကြိုက်များနေတဲ့ 18k ရွှေဖြူလေးတွေအကြောင်း📝

Blog Image

ဒါကြောင့် ရွှေဖြူလေးတွေအကြောင်း သိထားရအောင် အနည်းငယ် ပြောပြပေးချင်ပါတယ်။ ရွှေဖြူဆိုတာကတော့ သန့်စင်တဲ့ ရွှေစင် (၇၅ %) ကို Alloy Metal လို့ခေါ်တဲ့ သတ္တုစပ် (၂၅ %) နဲ့ရောစပ်ပြုလုပ်ထားတဲ့ သတ္တုစပ်ရတနာတစ်မျိုးဖြစ်ပါတယ်။ ဒီနေရာမှာ လူအများစုမသိကြတာကတော့ ရွှေဖြူရဲ့ ပင်ကိုယ်မူလအရောင်က မီးခိုးဖြူရောင်ရှိပြီး အဖြူရောင်တောက်တောက်ရရှိဖို့အတွက် Rhodium လို ရှားပါးသတ္တုနဲ့ အရောင်တင်ပေးရတယ်ဆိုတာပါပဲ။ ဒီလိုရှားပါးသတ္တုတွေပါဝင်တာကြောင့်လည်း ရွှေဖြူတွေကို တန်ဖိုးကြီးရတနာလို့ သတ်မှတ်ပြီး Daily Wear သာမက ပွဲတက်၊ အခမ်းအနားတွေထိကို ဝတ်ဆင်လာကြတာဖြစ်ပါတယ်။ နောက်ထပ် Blogတွေမှာလည်း  ဒီလိုရွှေဖြူနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးသွားပါဦးမယ်နော်။

Recent Blogs

Blog Image
Dec 16th, 2025 ဒါကြောင့် ရွှေဖြူချစ်သူတွေအနေနဲ့ ရွှေဖြူလို့ပဲခေါ်ခေါ်၊ ပလက်တီနမ်လို့ပဲဆိုဆို အတူတူပဲဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်ရှင်။
Blog Image
Dec 5th, 2025 ရွှေဖြူလေးတွေ အရောင်ကျွတ်လွယ်မှာ စိုးနေရင်တော့ ဒီအချက်လေးတွေကို ရှောင်ရှားဖို့လိုပါမယ်။