Blog Image
🏆 ၂၀၂၄ခုနှစ် ပထမ(၃)လပတ်ကာလအတွက် Yadanar More & More Family Group of Companies Limitedရှိ အရောင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်ရာတွင် အကဲဖြတ်ရလဒ်များအရ🏆 “The Employee of the Quarter Award”ဆုအား မော်လမြိုင်(Diamond Jewel)အရောင်းဆိုင်မှ ဒေါ်ဆောင်းအိဖြူအားလည်းကောင်း၊🏆”Sales Leader of the Quarter Award”ဆုအား ဂမုန်းပွင့်အရောင်းဆိုင်မှ ဒေါ်သီရိဝင်းလှိုင်အားလည်းကောင်း ဂုဏ်ယူဝမ်းမြောက်စွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
Jun 17, 2024
Blog Image
🏆 ၂၀၂၃ခုနှစ် စတုတ္ထ(၃)လပတ်ကာလအတွက် Yadanar More & More Family Group of Companies limitedရှိ အရောင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်ရာတွင် အကဲဖြတ်ရလဒ်များအရ🏆 “The Employee of the Quarter Award”ဆုအား မော်လမြိုင်(Diamond Jewel)အရောင်းဆိုင်မှ ဦးရန်နိုင်ဝင်း၊ Junction City(Platinum Jewel)အရောင်းဆိုင်မှ ဒေါ်နန့်နှင်းနှင်းဖြူနှင့် ပုသိမ်အရောင်းဆိုင်မှ ဒေါ်ချစ်နေခြည်တို့အားလည်းကောင်း၊🏆”Sales Leader of the Quarter Award”ဆုအား လမ်းမတော်အရောင်းဆိုင်မှ ဒေါ်ရွှန်းလဲ့နိုင်အားလည်းကောင်း ဂုဏ်ယူဝမ်းမြောက်စွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
Jun 17, 2024
Blog Image
⛱Yadanar More and More Family Group of Company ၏ 2024ခုနှစ်အတွက် Annual Tripအဖြစ် ချောင်းသာကမ်းခြေခရီးစဉ်လေးအား စီစဉ်ပေးခဲ့ပါတယ်ရှင့်… 🌊 🏝ဝန်ထမ်းများအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများကို ပိုမိုတက်ကြွစွာ လုပ်ဆောင်နိုင်စေရန်အတွက် ပင်လယ်ကမ်းခြေရဲ့ အလှအပများကိုခံစားရင်းနဲ့ စိတ်ရောကိုယ်ပါအနားယူပြီး လှပကောင်းမွန်သော အမှတ်တရများ ဖန်တီးဖြစ်ခဲ့ပါတယ်ရှင်…🌊 🏝ဒီထက်မက စည်းလုံးညီညွတ်ပြီး လက်တွဲညီသော အသင်းအဖွဲ့တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ကာ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းများဆော့ကစားရင်း မေ့မရနိုင်တဲ့ ထူးခြားသော ခရီးစဉ်လေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်ရှင်…🌊🎖🏆Today moments are tomorrow memories ❤💙
Jun 14, 2024
Blog Image
🎊 Yadanar More & More Family Groupမှ (၂၀၂၃)ခုနှစ်အတွင်း လုပ်သက်ခွင့်လက်ကျန်ရှိသော ဝန်ထမ်းများအတွက် Leave Refundများကို(၂၆.၁.၂၀၂၄)ရက်နေ့တွင် ဂုဏ်ယူစွာပေးအပ်ခဲ့ပါတယ်ရှင်… 🎊နောင်လာမည့်နှစ်များမှာလည်း ယခုထက်မက တက်ညီလက်ညီဖြင့် စည်းလုံးညီညွှတ်စွာ ပိုမိုကြိုးစားသွားမယ်လို့လည်း ယုံကြည်ပါတယ်ရှင်… 🎊 ယခုလိုမျိုး အကောင်းဆုံးကြိုးစားအားထုတ်ပေးကြသော ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ထပ်ဆင့်ပြောကြားလိုပါတယ်ရှင်…
Jan 27, 2024
Blog Image
၂၀၂၃ ခုနှစ် တတိယ(၃)လပတ်ကာလအတွက် အရောင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်ရာတွင် “The Employee of the Quarter Award”အား ဦးလင်းထက်လှိုင် (TC Showroom)နှင့် ဦးသူရိန်လင်း (Mawlamyine Diamond Gallery)တို့က ရရှိသွားတာကြောင့် အထူးဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါတယ်… ဆုရပုဂ္ဂိုလ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းများနှင့် စိတ်အားထက်သန်စွာ ကြိုးပမ်းဆောင်ရွက်မှုများသည် အဖွဲ့အစည်းအား ပိုမိုအောင်မြင်တိုးတက်စေနိုင်သော အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းကြိုးစားအားထုတ်မှုများအပေါ် အဖွဲ့အစည်းတစ်ခုလုံးကိုယ်စား လေးစားဂုဏ်ယူမိပါတယ်ရှင်… #The_Employee_of_the_Quarter_Award #HR_Department #MorenMoreGoldandJewellery
Jan 05, 2024