မင်မင်တို့နိုင်ငံမှာဆိုရင် ရွှေဖြူလေးတွေကို 18k ၊ ရွှေဖြူလို့ ခေါ် ဝေါ်လေ့ရှိပြီး တစ်ချို့ကလည်းပလက်တီနမ်လို့ ခေါ် ဝေါ်သုံးနှုန်းနေကြဆဲပါပဲ။
▪ ဒါဟာဘာကြောင့်လဲဆိုရင် ပလက်တီနမ်အစစ်တွေဟာ ရှားပါးပြီးတန်ဖိုးမြင့်မားလွန်းတာကြောင့်ပဲဖြစ်ပါတယ်။
▪ တစ်ဖက်မှာတော့ 18K ရွှေဖြူလေးတွေဟာ ဈေးနှုန်းသင့်တင့်ရုံမက ပလက်တီနမ်လို အဖြူရောင်ရှိပြီး ဒီဇိုင်းလက်ရာစုံလင်လှတာကြောင့် ရတနာချစ်သူတွေကြားမှာ လူကြိုက်များ ခေတ်စားခဲ့ပါတယ်။
▪ အဲ့ဒီအချိန်ကစပြီး 18K ရွှေဖြူတွေကို ပလက်တီနမ်အစားထိုးအနေနဲ့ ဝတ်ဆင်လာခဲ့ကြရာမှ ရွှေဖြူချစ်သူတွေကြားမှာ ပလက်တီနမ်ဆိုတဲ့ အခေါ်အဝေါ်လေးတစ်ခု တွင်ကျယ်ခဲ့တာဖြစ်ပါတယ်။