ဒီတစ်ပတ်မှာတော့ လူပြောများနေတဲ့ 𝐆𝐈𝐀 အကြောင်းလေးကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်၊ ပထမဦးစွာ 𝐆𝐈𝐀 ကိုမပြောခင် 𝐆𝐈𝐀 ဆိုတာဘာလဲ၊ 𝐆𝐈𝐀 ဘယ်လိုပေါ်ပေါက်လာလဲဆိုတာကိုအရင်သိဖို့လိုပါတယ်၊ 𝐆𝐈𝐀 ဆိုတာက 𝐆𝐞𝐦𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐀𝐦𝐞𝐫𝐢𝐜𝐚 ကိုအတိုကောက်အနေနဲ့ 𝐆𝐈𝐀လို့ခေါ်ဆိုတာဖြစ်ပါတယ်။
𝐆𝐞𝐦𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐀𝐦𝐞𝐫𝐢𝐜𝐚 (𝐆𝐈𝐀) ကို အမေရိကန်နိုင်ငံသား 𝐑𝐞𝐭𝐚𝐢𝐥 𝐉𝐞𝐰𝐞𝐥𝐞𝐫 တစ်ယောက်ဖြစ်တဲ့ 𝐑𝐨𝐛𝐞𝐫𝐭 𝐌. 𝐒𝐡𝐢𝐩𝐥𝐞𝐲 က ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး 𝟒 𝐂’𝐬 လို့လူသိများတဲ့ စိန်ရဲ့ 𝐆𝐫𝐚𝐝𝐢𝐧𝐠 ကိုသတ်မှတ်တဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်၊ လက်ရှိဈေးကွက်ထဲမှာဆိုရင် စိန်တစ်ပွင့်ဝယ်တဲ့အခါ 𝐆𝐈𝐀 လက်မှတ်ပါလား၊ 𝐆𝐈𝐀 𝐂𝐚𝐫𝐝 ပါလားစသဖြင့် အမေးများကြပါတယ်။
𝐆𝐈𝐀 𝐂𝐚𝐫𝐝 ဆိုတာက 𝐆𝐞𝐦𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐀𝐦𝐞𝐫𝐢𝐜𝐚 အဖွဲ့အစည်းက စိန်ကို 𝟒 𝐂’𝐬 နဲ့ တိုင်းတာပြီး 𝐆𝐫𝐚𝐝𝐢𝐧𝐠 သတ်မှတ်ပေးတဲ့ အသိမှတ်ပြုလက်မှတ် (𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞) ကိုခေါ်တာဖြစ်ပါတယ်၊ တစ်နည်းဆိုရရင် စိန်ရဲ့အရည်အသွေးကိုစစ်ဆေးပြီး မှန်ကန်ကြောင်း အသိမှတ်ပြုထောက်ခံပေးတဲ့ အဖွဲ့အစည်းလို့လည်းအလွယ်မှတ်ယူထားလို့ရပါတယ်။ ဒါ့ကြောင့် 4 C’s လို့နာမည်ကြီးတဲ့ Grading Standard ဖြင့်တိုင်းတာသတ်မှတ်ထားတဲ့ 𝐆𝐈𝐀 𝐂𝐚𝐫𝐝 ပါတဲ့ စိန်တွေဟာ စျေးကွက်ထဲမှာ အရောင်းသွက်နေရတာဖြစ်ပါတယ်။
GIA စိန်အကြောင်း အပိုင်း (၂) အား ထပ်မံဖတ်ရှုရန် - https://morenmorejewellery.com/mktblogs/seinkhyaitthutoin_mpayitmne_thitaayamyat_gia_akyawin_apoin_2