စိန်အကြောင်းသိမှတ်ဖွယ်ရာ အပိုင်း (၁)

စိန်အကြောင်းသိမှတ်ဖွယ်ရာ အပိုင်း (၁)

Blog Image

စိန်အကြောင်းသိမှတ်ဖွယ်ရာ အပိုင်း (၁)


ကမ္ဘာပေါ် မှာ ကျောက်အမျိုးအစားပေါင်း (၁၂၀) ကျော်ရှိတဲ့အနက် စိန်ဟာအဖိုးမဖြတ်နိုင်တဲ့ ကျောက်မြတ်ရတနာထဲ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။


  • “စိန်” ဆိုတဲ့ စကားလုံး ဖြစ်ပေါ်လာပုံ


စိန်ဆိုတဲ့ စကားလုံးဟာ အနိုင်ယူ၍မရသော၊အရှုံးမပေးသော (Unconquerable) လို့အဓိပ္ပါယ်ရပြီး ဂရိဘာသာစကား “Adamas” ကနေဆင်းသက်လာတာဖြစ်ပြီး “Diamas” ကနေ “Diamond” ဖြစ်

လာတာဖြစ်ပါတယ်။


  • စိန်ထွက်ရှိရာဒေသများ 


စိန်ကို အစောဆုံးတွေ့ရှိခဲ့တဲ့အချိန်ကတော့ ခရစ်တော်မပေါ် မှီ လွန်ခဲ့သောနှစ်ပေါင်း (၄၀၀) ခန့် (4th Century BC) ကလို့ခန့်မှန်းခဲ့ကြပြီး အိန္ဒိယနိုင်ငံ၊ ရိုလ်ကွန်ဒါအရပ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်၊ 1725 ခုနှစ် ၊ Brazil နိုင်ငံမှာ စိန်ကိုတွေ့ရှိခဲ့ပေမယ့်လည်း လူတွေလိုအပ်တဲ့ Demand ကိုကာမိအောင် မထွက်ခဲ့ပါဘူး။ (၁၈) ရာစုအထိကို အိန္ဒိယနိုင်ငံကသာလျှင် စိန်အမြောက်အများထွက်ရှိရာတစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့ပါတယ်။


လက်ရှိကမ္ဘာမှာရနေတဲ့ စိန်တွေအများစုကို  အာဖရိကတိုက် တောင်ပိုင်းကရရှိတာဖြစ်ပြီးအခြားသော စိန်ထွက်ရှိရာနိုင်ငံတွေကတော့ Russia, Angola, Brazil, Canada, Australia, Botswana, America တို့ပဲဖြစ်ပါတယ်။ 

  • စိန် ဖြစ်ပေါ်လာပုံ


စိန်တွေဟာ အစိုင်အခဲဘဝမရောက်ခင် အလွန်ကြီးမားတဲ့အပူရှိန်ကြောင့် အရည်ဘဝဖြစ်တည်ပါတယ်၊ အရည်ဘဝဖြစ်တည်ချိန်မှာ အလွန်ကြီးမားတဲ့ဖိအားသက်ရောက်မှုကြောင့် မည်းနေတဲ့ကာဗွန် (Carbon) ဘဝကနေ အဖိုးတန်စိန်ဘဝကိုပြောင်းလဲလာတာဖြစ်ပါတယ်။ 


စိန်တွေအများစုဟာ ကမ္ဘာမြေကြီးရဲ့ အနက် ကီလိုမီတာ (၁၅၀ မှ ၂၅၀) ၊ မိုင်နဲ့ဆိုရင် (၉၃ မိုင်နဲ့ ၁၅၅ မိုင်ကြား) မှာဖြစ်တည်လေ့ရှိပါတယ်၊ စိန်တစ်ပွင့်ဖြစ်တည်လာဖို့ (Pressure) ဖိအားအနေနဲ့ဆိုရင် ကမ္ဘာမြေမျက်နှာပြင်ရဲ့ ဖိအား အဆ (၄၅၀၀၀) ကနေ (၆၀၀၀၀) ကြား၊ Kilobars အနေနဲ့ဆိုရင် 45 နဲ့ 60 ကြားမှာရှိရပါမယ်၊ ကာဗွန်ဘဝကနေ အဖိုးတန်စိန်ဘဝကိုပြောင်းလဲဖို့ဆိုရင် အပူချိန် (900 - 1,300)  Degree Celsius ကြားရှိရပါမယ်။


စိန်တစ်ပွင့်ဖြစ်ပေါ် လာဖို့ဆိုရင် နှစ်ပေါင်း (၁) ဘီလီယံ ကနေ (၃.၅) ဘီလီယံ အထိကြာတတ်ပါတယ်၊ စိန်မှာဆိုရင် ကာဗွန်ဒြပ်စင်ပါဝင်မှုဟာ (၉၉.၉၅ %) ပါဝင်ပြီး ကျန်တဲ့ (0.05 %) ကတော့ သဘာဝအတိုင်းပါဝင်တဲ့ Trace Elements လို့ခေါ်တဲ့ အောင်းဝင်ပစ္စည်းတွေဖြစ်ပါတယ်။ D Colour (Flawless) တစ်ပွင့်ရရှိဖို့ဆိုရင် Kimberlite ကျောက်ရဲ့ တန်ချိန် (၁) သိန်းမှာမှတစ်ပွင့်လောက်သာရရှိနိုင်ပါတယ်။



Recent Blogs

Blog Image
Dec 5th, 2025 ရွှေဖြူလေးတွေ အရောင်ကျွတ်လွယ်မှာ စိုးနေရင်တော့ ဒီအချက်လေးတွေကို ရှောင်ရှားဖို့လိုပါမယ်။
Blog Image
Nov 29th, 2025 ရွှေဖြူချစ်သူတွေအနေနဲ့ 18k ရွှေဖြူလေးတွေဝတ်နေကြပေမယ့် များသောအားဖြင့်တော့ ရွှေဖြူလေးတွေအကြောင်း မသိကြတာများပါတယ်။