လူပြောများတဲ့ Belgium Diamond (ဘယ်လ်ဂျီယံစိန်) အကြောင်း

Blog Image

လူပြောများနေတဲ့ Belgium Diamond (ဘယ်လ်ဂျီယံစိန်) ဆိုတာက Belgium နိုင်ငံမှာ အကောင်းဆုံးသွေးကွက်တွေနဲ့သွေးပြီး ရောင်းဝယ်ဖောက်ကားနေတဲ့ စိန်တွေကိုခေါ်တာဖြစ်ပါတယ်။Belgium နိုင်ငံဟာ စိန်ကုန်သွယ်ရေးမှာ အချက်အချာကျတာကြောင့် နိုင်ငံအရပ်ရပ်က စိန်ကုန်သည်တွေဟာ Belgium နိုင်ငံမှာပဲ အရောင်းအဝယ်လုပ်ကြတာကြောင့် Belgium Diamond လို့ ခေါ်ကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Belgium နိုင်ငံဟာ စိန်သွေးတဲ့နေရာမှာ သွေးကွက်အကောင်းဆုံးနဲ့ အထင်ရှားဆုံးသွေးကွက်လို့ခေါ်တဲ့ ဘယ်လ်ဂျီယံသွေးကွက် (Brilliant Cut) နဲ့ လည်း ကျော်ကြားပါသေးတယ်။


Belgium စိန်လို့ ဘာကြောင့်‌ နာမည်တွင်ခဲ့တာလဲ?


နည်းပညာမတိုးတက်သေးတဲ့ကာလမှာ စိန်အရိုင်းတုံးကို အချောသွေးဖို့ရာ Cutting ကျပြီး လှတဲ့ Ideal Cut စိန်တစ်ပွင့်ရဖို့ Belgium က ပညာရှင်တွေနဲ့သွေးရပါတယ်။ လွယ်လွယ်ပြောရရင် အဲ့တုန်းက သူတို့က နည်းပညာထွန်းကားတော့ Ideal Cut မှာ ဆရာ တဆူလို့တောင်ပြောလို့ ရပါတယ်။ India နဲ့ အခြားသော နိုင်ငံတွေကလည်း သွေးကြပေမယ့် Cutting ကျတဲ့၊လှတဲ့ Belgium နိုင်ငံရဲ့ Cutting Standard ကိုမမှီကြပါဘူး။


အဲ့တော့ကုန်သည်တွေက အရည်သွေးနိမ့်တဲ့ Raw Diamond တွေကို လုပ်အားခ သက်သာတဲ့ Indiaမှာသွေးပြီး အသားကောင်းတဲ့ အရိုင်းတုံးတွေကို ပိုက်ဆံပိုရအောင် Ideal cut ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရှင်တွေရှိတဲ့ Belgium မှာ သွေးကြရင်း Belgium စိန်ဆိုပြီး ဖြစ်လာတာပါပဲ။

Recent Blogs

Blog Image
Dec 5th, 2025 ရွှေဖြူလေးတွေ အရောင်ကျွတ်လွယ်မှာ စိုးနေရင်တော့ ဒီအချက်လေးတွေကို ရှောင်ရှားဖို့လိုပါမယ်။
Blog Image
Nov 29th, 2025 ရွှေဖြူချစ်သူတွေအနေနဲ့ 18k ရွှေဖြူလေးတွေဝတ်နေကြပေမယ့် များသောအားဖြင့်တော့ ရွှေဖြူလေးတွေအကြောင်း မသိကြတာများပါတယ်။