𝐂𝐙 လို့ခေါ်တဲ့ (𝐂𝐮𝐛𝐢𝐜 𝐙𝐢𝐫𝐜𝐨𝐧𝐢𝐚) ကျောက်လေးတွေအကြောင်း

Blog Image

𝐂𝐮𝐛𝐢𝐜 𝐙𝐢𝐫𝐜𝐨𝐧𝐢𝐚 (𝐂𝐙) ဆိုတာက စိန်နဲ့အလားသဏ္ဍာန်တူအောင် သက်ဆိုင်ရာ Chemical အချိုးအဆ နဲ့ 𝐓𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞 အသီးသီးပေးပြီး ဖန်တီးထားတဲ့ လူလုပ်ကျောက်လေးတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ 𝐂𝐙 ကျောက်လေးတွေကို ရုရှားစိန်၊ ကိုရီးယားစိန်လို့ အခေါ်များကြပါတယ်။ ဇာကွန်နီယမ်ဒိုင်အောက်ဆိုဒ်ဖြစ်တဲ့ 𝐂𝐙 တွေဟာ သဘာဝစိန်တွေလိုပဲ ကုဗပုံဆောင်စနစ်ရှိအောင် ဖန်တီးထားတာကြောင့် သာမန်လူအဖို့ အတု၊ အစစ်ခွဲခြားဖို့ရာ မလွယ်ကူလှတာတော့အမှန်ပါပဲ။


သဘာဝစိန်တွေနဲ့ 𝐂𝐙 ကျောက်လေးတွေရဲ့ ကွဲပြားခြားနားတဲ့အချက်များ


မာဆင့်အနေနဲ့ ပြောရမယ်ဆိုရင် သဘာဝတွင်းထွက်စိန်တွေရဲ့ မာဆင့် (𝐇𝐚𝐫𝐝𝐧𝐞𝐬𝐬) ဟာ (𝟏𝟎) အထိရှိပြီး 𝐂𝐙 ကျောက်လေးတွေကတော့ အများဆုံးမာဆင့် (𝟖.𝟓) လောက်အထိရှိပါတယ်။ 𝐂𝐙 ကျောက်လေးတွေဟာ သဘာဝစိန်တွေထက် ရေချိန်သိပ်သည်းဆ (၁.၆၅) ဆလောက်တောင်ပိုမိုများ ပြားကြတာမို့ အရွယ်အစားတူ ကျောက်နှစ်ပွင့်ကို ချိန်ဆကြည့်လိုက်မယ်ဆိုရင် (𝐂𝐙) ကျောက်လေးတွေဟာ သိသိသာသာ ပိုမိုလေးလံနေပါလိမ့်မယ်။𝐂𝐙 ကျောက်လေးတွေရဲ့ မီးပွင့်အား (𝐃𝐢𝐬𝐩𝐞𝐫𝐬𝐢𝐨𝐧) ဟာ သဘာဝစိန်တွေထက် ပိုမိုမြင့်မားတာကြောင့် ပိုမိုတောက်ပနေတယ်လို့တောင် ထင်စေပါတယ်။𝐂𝐙 ကျောက်လေးတွေကို တန်ဖိုးအားဖြင့်ဆိုရင် မြန်မာငွေကျပ် သောင်းဂဏန်းမှစပြီးရရှိနိုင်ပါတယ်။ဒီလောက်ဆိုရင် စိန်ချစ်သူတို့အနေနဲ့ 𝐂𝐙 လို့ခေါ်တဲ့ (𝐂𝐮𝐛𝐢𝐜 𝐙𝐢𝐫𝐜𝐨𝐧𝐢𝐚) ကျောက်လေးတွေအကြောင်းကို အသိသုတတစ်စုံတစ်ရာရရှိမယ်လို့ မျှော်လင့်ပါတယ်နော်။ 

အခုလို စိန်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဆက်လက်မျှဝေပေးသွားမှာမလို့ လာရောက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်နော်။

Recent Blogs

Blog Image
Dec 5th, 2025 ရွှေဖြူလေးတွေ အရောင်ကျွတ်လွယ်မှာ စိုးနေရင်တော့ ဒီအချက်လေးတွေကို ရှောင်ရှားဖို့လိုပါမယ်။
Blog Image
Nov 29th, 2025 ရွှေဖြူချစ်သူတွေအနေနဲ့ 18k ရွှေဖြူလေးတွေဝတ်နေကြပေမယ့် များသောအားဖြင့်တော့ ရွှေဖြူလေးတွေအကြောင်း မသိကြတာများပါတယ်။