18k GF နဲ့ 18k GP ဘာကွာလဲ?
𝟏𝟖𝐤 𝐆𝐅 ဆိုတာကတော့ 𝐁𝐚𝐬𝐞 𝐌𝐞𝐭𝐚𝐥 လို့ခေါ်တဲ့ ကြေး၊ ငွေ၊ 𝐀𝐥𝐥𝐨𝐲 အခံသတ္တုတစ်မျိုးပေါ်မှာ ရွှေလွှာပါးပါးဖြည့်ထားတဲ့ ရွှေဖြည့်အထည်ကိုခေါ်တာဖြစ်ပါတယ်။ 18k GP တွေထက်စာရင် 18k GF တွေက အနည်းငယ်လေးရွှေပါဝင်မှုပိုများပါတယ်၊ ရွှေပါဝင်မှုအနေနဲ့ပြောရရင်တော့ (5%) ပါဝင်တာဖြစ်ပါတယ်။ တာရှည်ခံမှုအနေနဲ့ပြောရရင်တော့ 18k GF တွေက ရွှေပါဝင်မှုအနည်းငယ်ပိုများတာကြောင့် 18k GPတွေထက်စာရင်အနည်းငယ်မျှတော့ ပိုသာသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာလည်း ရွှေ (𝟓%) သာပါဝင်လို့ ရွှေထည်အစစ်တွေထက်သက်သာတဲ့အထဲမှာပါပါတယ်။18k GF ရဲ့ဆိုးကျိုးတွေကတော့ 18k GP တွေနဲ့သိပ်ပြီးမခြားနားလှတဲ့အထဲမှာပါတယ်လို့ဆိုရမှာပါပဲ၊ 18k GP တွေလိုပဲ သတ္တုနဲ့ဓာတ်မတည့်တဲ့သူတွေအနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သတ္တုပါဝင်မှုအချိုးအစားကသိပ်မကွာလှလို့ပါပဲ။ နောက်ထပ်သိထားရမယ့်အချက်ကတော့ 18k GP တွေလိုပဲ 18k GF တွေမှာလည်း ရွှေထည်အစစ်တွေနဲ့ ရောထွေးမှားယွင်းစေနိုင်တဲ့ စကားလုံးများ၊အမှတ်တံဆိပ်များ ပါရှိတာပါပဲ။ဒါ့ကြောင့် 18k ရွှေဖြူတွေကို ဝယ်တော့မယ်ဆိုရင် သေချာစစ်ဆေးပြီးမှသာလျှင်ဝယ်ယူသင့်ပါကြောင်း အသိလေးပေးလိုက်ရပါတယ်နော်။
Recent Blogs
Dec 5th,
2025
ရွှေဖြူလေးတွေ အရောင်ကျွတ်လွယ်မှာ စိုးနေရင်တော့ ဒီအချက်လေးတွေကို ရှောင်ရှားဖို့လိုပါမယ်။
Nov 29th,
2025
ရွှေဖြူချစ်သူတွေအနေနဲ့ 18k ရွှေဖြူလေးတွေဝတ်နေကြပေမယ့် များသောအားဖြင့်တော့ ရွှေဖြူလေးတွေအကြောင်း မသိကြတာများပါတယ်။