Reference Number | : | SD- E080 |
---|---|---|
Business | : | Gold & Jewellery |
Number of Openings | : | One |
Gender | : | Male/ Female |
Department | : | Platinum Jewel Department |
Duty Station | : | မော်လမြိုင်မြို့ |
Work Time | : | နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၃၀ အထိ (လတ်တလောအခြေအနေများအရ အလုပ်ချိန်အပြောင်းအလဲ ရှိနိုင်ပါသည်။) |
Work Days | : | ရက်သတ္တ(၁)ပတ်လျှင် (၆)ရက် |
Holidays | : | ရက်သတ္တ(၁)ပတ်လျှင် (၁)ရက် |
Salary Allowance | : | Ks 310,000 + |
Opening Date | : | 03 Sep,2024 |
Closing Date | : | 17 Sep,2024 |
Requirement
REQUIREMENT
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရပါမည်။
- အသက် (၂၀)နှစ်မှ (၂၈)နှစ်အတွင်း ဖြစ်ရပါမည်။
- ရေရှည်လက်တွဲ၍ အလုပ်လုပ်နိုင်သူ၊ အရောင်းလုပ်ငန်းအား စိတ်ဝင်စားသူများ လျှောက်ထားသင့်ပါသည်။
- ရုပ်ရည်သင့်တင့်သူ၊ စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာစွာ ဆောင်ရွက်တတ်သူ၊ ရိုးသားသူ ဖြစ်ရပါမည်။
- မိမိ၏အကျင့်စာရိတ္တနှင့် ပတ်သက်၍ မိဘ/အုပ်ထိန်းသူမှ အာမခံချက်ပေးနိုင်သူ ဖြစ်ရပါမည်။
(လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။)
Job Description
DUTIES AND RESPONSIBILITIES
- လစဉ် မိမိတို့အရောင်းဆိုင်အား ပေးအပ်ထားသော အရောင်းရည်မှန်းချက်များ ပြည့်မီရေး အတွက်ဆောင်ရွက်ရပါမည်။
- ဝယ်သူဖောက်သည်များအား ကောင်းမွန်စွာဆက်ဆံခြင်း၊ စိတ်ကျေနပ်စေရေးအတွက် ဝန်ဆောင်မှုပေးရမည်ဖြစ်ပါသည်။
- ဝယ်သူဖောက်သည်များအား လက်ဝတ်ရတနာထည်များအကြောင်း ရှင်းပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်း၊ ဆိုင်၏ဝန်ဆောင်မှုများကို ပြောကြားခြင်းများကိုဆောင်ရွက်ရမည်။
- ဝယ်သူဖောက်သည်များ၏ လိုအပ်ချက်ကိုသေချာနားထောင်ပြီး ကူညီဆောင်ရွက် ရောင်းချရမည်။
- ဝယ်သူဖောက်သည်များ၏ ဝယ်ယူပြီးသည့် ကုန်ပစ္စည်းများကိုပို့ဆောင်ရန်လိုအပ်ပါက ပို့ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက် ပေးရမည်။
- ဝယ်သူဖောက်သည်များ ဝယ်ယူပြီးသော လက်ဝတ်ရတနာထည်များ အဆင်ပြေမှုရှိ/မရှိ ဖုန်းဆက်မေးမြန်းရမည်။
- ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းသပ်ရပ်စေရေးအတွက် လုပ်ဆောင်ရပါမည်။ ခင်းကျင်းပြသထားသော ပစ္စည်းများ သန့်ရှင်း သပ်ရပ်ပြီး စနစ်တကျရှိစေရန် လုပ်ဆောင်ရပါမည်။
- ဆိုင်တာဝန်ခံ/အထက်လူကြီးများက ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရပါမည်။ လုပ်ငန်းလိုအပ်ချက်အရ အရောင်းဆိုင်နှင့် ပက်သက်သော ကိစ္စရပ်များကို ပါဝင်ကူညီလုပ်ဆောင်ရမည်။
- အခါအားလျော်စွာပြုလုပ်သော အရောင်းမြှင့်တင်ရေးအစီအစဉ်များတွင် အရောင်း၊ ခင်းကျင်းမှု၊ ကြော်ငြာခြင်းများတွင် တက်ကြွစွာပါဝင်ရမည်။
- ရောင်းချသောကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ဗဟုသုတ(Product Knowledge)များကိုသိရှိ လေ့လာသင်ယူရမည်။
(အထက်ဖော်ပြပါ အလုပ်တာဝန်များသည် ရည်ညွှန်းချက်တစ်ရပ်သာဖြစ်ပြီး လုပ်ဆောင်ရမည့်အလုပ်တာဝန်အားလုံး ပါဝင်သည်ဟု မဆို နိုင်ပါ။)