ကျွန်တော်တို့ More & More Gold & Jewelleryမှ လုပ်ငန်းတိုးတက်လာတာနဲ့အမျှ အလုပ်ခေါ်ယူခြင်းများနှင့် လူတွေ့အင်တာဗျူးခေါ်ယူခြင်းများ လုပ်ဆောင်တဲ့အခါ လူငယ်လျောက်လွှာရှင်များ အများအပြား ပါဝင်လာတာကို တွေ့လာရပါတယ်။
ကျွန်တော်တို့ More & More Gold & Jewellery အနေဖြင့် လူငယ်များနဲ့လျောက်လွှာရှင်များကို လေးစားသမှု ပြုသောအားဖြင့် လူတွေ့အင်တာဗျူးအတွက် ခရီးစရိတ်ကုန်ကျမှုအား အတိုင်းအတာတစ်ခုအထိ ကာမိစေရန် ရည်ရွယ်၍ အင်တာဗျူးတစ်ကြိမ် လာရောက်ဖြေဆိုခြင်းအတွက် ငွေတစ်သောင်းကျပ် (10,000 Ks) ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း ဂုဏ်ယူစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
🏆 ၂၀၂၄ခုနှစ် ပထမ(၃)လပတ်ကာလအတွက် Yadanar More & More Family Group of Companies Limitedရှိ အရောင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်ရာတွင် အကဲဖြတ်ရလဒ်များအရ🏆 “The Employee of the Quarter Award”ဆုအား မော်လမြိုင်(Diamond Jewel)အရောင်းဆိုင်မှ ဒေါ်ဆောင်းအိဖြူအားလည်းကောင်း၊🏆”Sales Leader of the Quarter Award”ဆုအား ဂမုန်းပွင့်အရောင်းဆိုင်မှ ဒေါ်သီရိဝင်းလှိုင်အားလည်းကောင်း ဂုဏ်ယူဝမ်းမြောက်စွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
🏆 ၂၀၂၃ခုနှစ် စတုတ္ထ(၃)လပတ်ကာလအတွက် Yadanar More & More Family Group of Companies limitedရှိ အရောင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်ရာတွင် အကဲဖြတ်ရလဒ်များအရ🏆 “The Employee of the Quarter Award”ဆုအား မော်လမြိုင်(Diamond Jewel)အရောင်းဆိုင်မှ ဦးရန်နိုင်ဝင်း၊ Junction City(Platinum Jewel)အရောင်းဆိုင်မှ ဒေါ်နန့်နှင်းနှင်းဖြူနှင့် ပုသိမ်အရောင်းဆိုင်မှ ဒေါ်ချစ်နေခြည်တို့အားလည်းကောင်း၊🏆”Sales Leader of the Quarter Award”ဆုအား လမ်းမတော်အရောင်းဆိုင်မှ ဒေါ်ရွှန်းလဲ့နိုင်အားလည်းကောင်း ဂုဏ်ယူဝမ်းမြောက်စွာ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
⛱Yadanar More and More Family Group of Company ၏ 2024ခုနှစ်အတွက် Annual Tripအဖြစ် ချောင်းသာကမ်းခြေခရီးစဉ်လေးအား စီစဉ်ပေးခဲ့ပါတယ်ရှင့်… 🌊 🏝ဝန်ထမ်းများအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများကို ပိုမိုတက်ကြွစွာ လုပ်ဆောင်နိုင်စေရန်အတွက် ပင်လယ်ကမ်းခြေရဲ့ အလှအပများကိုခံစားရင်းနဲ့ စိတ်ရောကိုယ်ပါအနားယူပြီး လှပကောင်းမွန်သော အမှတ်တရများ ဖန်တီးဖြစ်ခဲ့ပါတယ်ရှင်…🌊 🏝ဒီထက်မက စည်းလုံးညီညွတ်ပြီး လက်တွဲညီသော အသင်းအဖွဲ့တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ကာ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိမ်းများဆော့ကစားရင်း မေ့မရနိုင်တဲ့ ထူးခြားသော ခရီးစဉ်လေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်ရှင်…🌊🎖🏆Today moments are tomorrow memories ❤💙